တိတ်တဆိတ် ကျင့်ကြံသူ - ဟန်ကျွယ်

တိတ်တဆိတ် ကျင့်ကြံသူ - ဟန်ကျွယ်
ပြန်လည်မွေးဖွားပြီး အင်မော်တယ်ဖြစ်အောင် ကျင့်ကြံကြတဲ့ ကျင့်ကြံခြင်းလောကကြီးကို ရောက်ရှိလာတဲ့ ဟန်ကျွယ်ဟာ သူ့မှာ စနစ်တစ်ခု ရှိနေတာကို သိလိုက်ရပါတယ်။ အဲဒီစနစ်ကြောင့် သူဟာ နေ့တိုင်း အံစာတုံးခေါက်ပြီး သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းရည်နဲ့ ကံတရား အထောက်အပံ့ကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဟန်ကျွယ်ဟာ ဒီလောကကြီးကို စရောက်လာကတည်းက ၁၁ နှစ်တိုင်တိုင် အံစာတုံးခေါက်ပြီး သူ့ရဲ့ ကျင့်ကြံခြင်း စွမ်းရည်နဲ့ ကံတရား အထောက်အပံ့တွေကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ [ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်း ဆွဲဆောင်မှု] [ကံကြမ္မာဓါးရူး: ထိပ်တန်းဓါးပညာပါရမီ၊ ထိပ်တန်းဓါးပညာနားလည်မှု] [ကိုယ်ဖော့သိုင်း: ထိပ်တန်းကိုယ်ရွေ့သိုင်းပါရမီ] [အင်မော်တယ်ဧကရာဇ် မျိုးဆက်: ပြိုင်ဘက်ကင်း အင်မော်တယ်ကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိမည်။] အသက်ရှည်ရှည် နေရဖို့အတွက် ဟန်ကျွယ်ဟာ တိတ်တဆိတ်ကျင့်ကြံပြီး နာမည်မကြီးအောင် သိုသိုသိပ်သိပ် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ပေါင်းတစ်ထောင်ကြာတဲ့အခါမှာတော့ ကျင့်ကြံခြင်းလောကဟာ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဂူအောင်းကျင့်ကြံနေတုန်းပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အားစု ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာမှာ နေထိုင်တဲ့ သက်ရှိအကုန်လုံးကို အပြတ်ရှင်းဖို့ လုပ်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မဖြစ်မနေမလို့ ဂူအောင်းရာကထွက်ပြီး တိုက်ခိုက်ရပါတော့တယ်။ အဲဒီအချိန်ကျမှ အင်မော်တယ်တွေ နတ်ဘုရားတွေက ဘာမှ မဟုတ်ဘူးဆိုတာ သူ သိလိုက်ရပါတယ်။ ------------------------- ဘာသာပြန်ဆရာကို လက်ဖက်ရည်ဖိုး ပေးချင်ရင် U Kyaw Zin Oo Wave - 09779166855 KBZpay - 09698645642 Note မှာ လက်ဖက်ရည်ဖိုးပဲဖြစ်ဖြစ် A Cup Of Tea ပဲ ဖြစ်ဖြစ် ရေးပေးပါ။