PyuNovel

ထာဝရမျှော်မှန်း အစီအမံလမ်း - မော့ဟွာ

ထာဝရမျှော်မှန်း အစီအမံလမ်း - မော့ဟွာ

ထာဝရမျှော်မှန်း အစီအမံလမ်း - မော့ဟွာ

Status:ongoing
Tags:Action, Adventure, Eastern fantasy, Xianxia, Translation
Views:17
Updated:March 30, 2026

တာအိုနန်းတော်ဟာ ကျင့်ကြံခြင်းလောကကို နှစ်ပေါင်း ၂၀,၀၀၀ ကျော်အောင် စိုးမိုးအုပ်ချုပ်ခဲ့ပါတယ်။ အထက်တန်းလွှာ မိသားစုတွေက လူ့အဆင့်အတန်းကို တင်းတင်းကျပ်ကျပ် ခွဲခြားတဲ့အတွက် တစ်သီးပုဂ္ဂလ ကျင့်ကြံသူတွေရဲ့ ဘဝဟာ ခက်ခဲပြီးရင်း ခက်ခဲလာခဲ့ပါတယ်။ အသက်ဆယ်နှစ်အရွယ် မော့ဟွာဟာ သာမန် တစ်သီးပုဂ္ဂလ ကျင့်ကြံသူ မိသားစုကနေ မွေးဖွားလာခဲ့တာမလို့ သူ့ရဲ့ ကျင့်ကြံမှုလမ်းကလည်း ပန်းခင်းလမ်းမဟုတ်ဘဲ ဆူးခင်းလမ်း ဖြစ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲမှာ တာအိုကျောက်တိုင် ပေါ်လာတဲ့အခါမှာတော့ ဒါတွေ အကုန်လုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီကျောက်တိုင်က ထိခိုက်ပျက်စီးနေပေမဲ့ လျှို့ဝှက်ဆန်းကြယ်ပါတယ်။ နောက်ပြီး စိတ်ဝိညဉ်အာရုံကို တိုးမြှင့်ပေးနိုင်သလို လျှို့ဝှက်ဆန်းကြယ်တဲ့ အစီအမံတွေကို နားလည်လွယ်အောင်လည်း ကူညီပေးပါတယ်။ မော့ဟွာဟာ ဒီကျောက်တိုင်ကို သုံးပြီး အထွတ်အထိပ် စိတ်ဝိညာဉ်အာရုံ ရရှိအောင် ကျင့်ကြံကာ မိုးကောင်းကင် အစီအမံတွေရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာပြီး အင်မော်တယ်လမ်းကို လျှောက်လှမ်းဖို့ စီစဉ်ထားပါတယ်။ သူ့ရည်မှန်းချက်က သူတစ်ယောက်တည်းရဲ့ ကံကြမ္မာကိုပဲ ပြောင်းလဲပစ်ဖို့ မဟုတ်ပါဘူး။ လောကတစ်ခွင်မှာရှိနေတဲ့ သူ့လိုမျိုး သာမန်ကျင့်ကြံသူ အကုန်လုံးရဲ့ ကံကြမ္မာကိုပါ ပြောင်းလဲပစ်ချင်တာပါ။ ကြီးမြတ်တာကို လုပ်ချင်ရင် သေးဖွဲတာကနေ စတင်ရပါတယ်။ အင်မော်တယ်လမ်းဆိုတာက ကွေ့ကောက်ရှည်လျားပြီး စိန်ခေါ်မှုတွေ များပါတယ်။ မြူခိုးတွေ ထူထဲပြီး လမ်းခရီးက ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ၊ ပဋိပက္ခတွေ ချောက်ချားစရာတွေ ဘယ်လောက်ပဲ ပြည့်နှက်နေပါစေ၊ မိစ္ဆာတွေ ဘယ်လောက်ပဲ ပေါများပါ‌စေ၊ သူဟာ သူ့ရည်မှန်းချက် အောင်မြင်အောင် အစွမ်းကုန် ကြိုးစားအားထုတ်မှာပါ။ သေမင်းနဲ့ ရင်ဆိုင်ရပါစေ၊ သူဟာ ခြေတစ်လှမ်း နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ခြေလှမ်းတိုင်းက ဘေးအန္တရာယ်တွေနဲ့ ပြည့်နေရင်တောင် သူဟာ တစ်ချက်ကလေးတောင် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ မိုးမြေတမျှ ကြီးကျယ်တဲ့ ကစားပွဲတွေကြားမှာ စကြဝဠာက ကျားခုံဖြစ်ပြီး သက်ရှိအကုန်လုံးက ကျားစေ့တွေ ဖြစ်ကုန်ပါတယ်။ ဒီကစားပွဲရဲ့ အကွက်တိုင်းက သက်ရှိတွေရဲ့ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးမှာပါ။