PyuNovel

အင်မော်တယ် မိသားစု တည်ထောင်သူ - လုချန်ရှန်း

အင်မော်တယ် မိသားစု တည်ထောင်သူ - လုချန်ရှန်း

အင်မော်တယ် မိသားစု တည်ထောင်သူ - လုချန်ရှန်း

Status:ongoing
Tags:Action, Xianxia, Harem, System, Cultivation, Eastern fantasy
Views:1,126
Updated:April 4, 2026

လုချန်ရှန်းဟာ အင်မော်တယ်ဖြစ်အောင် ကျင့်ကြံအားထုတ်တဲ့ လောကကို ဘဝကူးပြောင်း ရောက်ရှိသွားပေမဲ့ စိတ်ဝိညာဉ်အမြစ် နိမ့်ပါးမှုကြောင့် အင်မော်တယ်ဂိုဏ်းရဲ့ စစ်ဆေးမှုကို ကျရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ကလေးများများမွေး ကောင်းချီးများများရစနစ်ကို ရသွားပါတယ်။ ဒီစနစ်က ရိုးရှင်းပါတယ်။ ကလေးများများမွေးလေလေ ဆုများများရလေလေပါပဲ။ နောက်ပြီး သူ့မျိုးဆက်တွေရဲ့ အရည်အချင်းနဲ့ အင်အားကိုပါ သူ့ဆီ ထပ်ပေါင်းထည့်ပေးပါတယ်။ ကျင့်ကြံဖို့ အရင်းအမြစ်တွေ ဘာဆိုဘာမှမရှိတဲ့အပြင် အရည်အချင်းကလည်း ညံဖျင်းတဲ့အတွက် လုချန်ရှန်းဟာ ကျင့်ကြံခြင်း မိသားစုတစ်စုရဲ့ အိမ်တော်ပါသမက်လုပ်ဖို့ ရွေးချယ်ပြီး အေးအေးလူလူ နေထိုင်ကာ ကလေးများများမွေးဖို့ပဲ ကြိုးစားပါတယ်။ တခြားကျင့်ကြံသူတွေက အင်တိုက်အားတိုက် ကျင့်ကြံအားထုတ်နေချိန်မှာ သူကတော့ ကလေးယူဖို့ပဲ ကြိုးစားပါတယ်။ တခြားလူတွေက ကျင့်ကြံခြင်း အရင်းအမြစ်တွေအတွက် ကျားကုတ်ကျားခဲ ကြိုးစားရှာဖွေနေချိန်မှာ သူကတော့ ကလေးများများ ရဖို့ပဲ ကြိုးစားပါတယ်။ တခြားလူတွေက သက်စွန့်ဆံဖျား လျှို့ဝှက်နယ်မြေတွေထဲ ဝင်ရောက်ပြီး ကျင့်ကြံခြင်းအဆို့ကို ထိုးဖောက်ဖို့ ကြိုးစားနေချိန်မှာ သူကတော့ ကလေးများများ မွေးဖို့ပဲ အာရုံစိုက်ပါတယ်။ ဒီလိုနဲ့ နေ့ လ ရာသီ ရွှေ့လျားပြီး ခေတ်တွေ အလီလီ ပြောင်းလဲကာ ပါရမီရှင်တွေ နတ်မိမယ်တွေ စွမ်းအားကြီး တည်ရှိမှုတွေ မိစ္ဆာကြီးတွေ ပညာရှိတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ သူတို့အားလုံး အချိန်ဆိုတဲ့ တည်ရှိမှုအောက်မှာ တဖြည်းဖြည်းချင်း အစအနမကျန်အောင် ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ လုချန်ရှန်းရဲ့ မိသားစုကတော့ အင်မော်တယ်လမ်းစဉ်မှာ မိုးကောင်းကင်နဲ့ မြေကြီးလို ထာဝရတည်ရှိကာ သူ့ဒဏ္ဍာရီဟာ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ပျောက်ကွယ်မသွားဘဲ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်သွားပါတယ်။