
တောင်စဉ်ဝိဇ္ဇာ၏ ဂန္ဓာရီမှတ်တမ်း
"လူသားတို့ရဲ့မြင်နိူင်စွမ်းထက် ကျော်လွန်သော... လောကကြီးတစ်ခု" "သင်မမြင်နိုင်တဲ့ လောကတစ်ဖက်ခြမ်းမှာ ဘယ်သူတွေ ရှင်သန်နေသလဲ " မိဘမဲ့လူငယ်လေး ဟန်လွင်... သူ့ရဲ့ ခြေဦးတည်ရာ ခရီးစဉ်ဟာ သာမန်ခရီးတစ်ခု မဟုတ်ခဲ့ဘူး။ အိပ်မက်ဆိုးတွေကနေ အစပြုလို့၊ လျှို့ဝှက်နက်နဲတဲ့ ဆရာကြီးသုံးဦးနဲ့ ဆုံတွေ့ချိန်မှာတော့ သူ့ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပြီ။ "ကဝေကြီး" ရဲ့ မြေး... "တောင်ခုနစ်စဉ်ပညာ" ရဲ့ အမွေခံတစ်ယောက်..... စုန်း၊ ကဝေ၊ ဘီလူးတွေနဲ့ အောက်လမ်းအတတ်တွေကို ရင်ဆိုင်တိုက်ခိုက်ရင်း သာမန်လူဘဝကနေ သက်တမ်းရှည်ဝိဇ္ဇာတစ်ဦးဖြစ်အောင် ကျင့်ကြံအားထုတ်မယ့် ဂန္ဓာရီခရီးစဉ်မှတ်တမ်း။ မြန်မာ့ရိုးရာ လောကီအတတ်ပညာရပ်တွေနဲ့ ကဝေပညာပြိုင်တိုက်ပွဲတွေအကြောင်းကို " တောင်စဉ်ဝိဇ္ဇာ၏ ဂန္ဓာရီမှတ်တမ်း " (The Record of the Immortal Sage’s Ascension) အမည်နဲ့ Pyu Novel website မှာ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။