သမိုင်းတွင် "နောက်ဆုံးမင်း" ဟု ကမ္ပည်းအထိုးခံခဲ့ရသော သီပေါမင်း၏ ခန္ဓာကိုယ်ထဲသို့ အနာဂတ်မှတ်ဉာဏ်များနှင့် ခေတ်သစ်ဗိသုကာတစ်ဦး၏ စနစ်ကျသော ဦးနှောက်တို့ စီးဝင်လာသောအခါ...
၁၈၇၈ ခုနှစ်၊ မန္တလေးရတနာပုံနန်းတော်ကြီးသည် ပိုးထည်နံ့၊ နံ့သာဖြူနံ့တို့နှင့်အတူ လျှို့ဝှက်ကြံစည်မှုများ၊ သွေးစွန်းသော အာဏာလုပွဲများဖြင့် ပြည့်နှက်နေသည်။ သို့သော် ဤအကြိမ်တွင် သီပေါမင်းသည် ကြောက်ရွံ့တုန်လှုပ်နေသော လူငယ်တစ်ယောက်မဟုတ်တော့။
သူ၏ မျက်လုံးထဲတွင် အင်္ဂလိပ်စစ်တပ်၏ အမြောက်သံများ၊ ရတနာပုံကျဆုံးခန်းနှင့် ရတနာဂီရိ၏ အထီးကျန်နေ့ရက်များက များအဖြစ် ကြိုတင်မြင်ယောင်နေသည်။